အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ သူများအား ဖြန့်ဝေခဲ့သည်။
Jan 03,2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက၊ ဇန်နဝါရီ (၃) ရက်နေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
Jan 03,2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်‌အဖြစ် ပေါက်ခေါင်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော ကလေးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jan 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဇီဇဝါ)ခန်းမ၌ ကျင်းပခဲ့သည်။
Jan 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပန်းအုံကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သခင်ကိုယ်တော်မှိုင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ပင်ကန်ကျေးရွာ စက်ရေတွင်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်က စက်ရေတွင်းအနီး ယာယီမင်္ဂလာမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌  ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ သတ်မှတ်နေရာများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။