အမြို့မြို့အနယ်နယ်သတင်းများ

May 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်က အ.ထ.က (မိုင်းကိုင်) မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအသီးသီးမှ ကျောင်းအုပ် ကြီးများတက်ရောက်ခဲ့သည်။
May 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာတွင် မိသားစု ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ထန်းလျက်ချက်လုပ်ကိုင်နေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
May 08,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ (Basic on Job Skil Training) ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း (၁/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံး၌ ကျင်းပပြုလုပ်သည်။
May 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန် တုပ်ကွေး ရောဂါမဖြစ်ပွားစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 08,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို   ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
May 08,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ စေတီတော်ကြီးလုံးတော်ပြည့်နှင့် အရံစေတီ (၅၁) ဆူ ရွှေသင်္ကန်းတော်ကပ်လှူခြင်း ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ   ဩဝါဒါစရိယဆရာတော်ကြီး ၉ ပါးတို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်လှူ ပူဇော်တော်မူကြသည်။
May 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဒေါ်ပိုက်မိခန်းမတွင် ဖွင့်လှစ်သင်ကြားပို့ချကြောင်း သိရသည်။
May 08,2022
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ် ခဲ့သည်။