အမြို့မြို့အနယ်နယ်သတင်းများ

Jul 02,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်ဦးစီးမှူး ရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်ဦးစီးမှူးရုံး စိုက်ရာ သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု မာလကာကုန်းကျေးရွာမှ ကလေးငယ်(၃) ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသောကြောင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရောဂါဖြစ်ပွားသည့်အိမ်နှင့် ကိုက်(၃၀၀)အတွင်းရှိ နေအိမ်များတွင် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 02,2022
၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှုအနေဖြင့် ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၇ နာရီခန့်က စုပေါင်း ကာယ လေ့ကျင့်ခန်းပြုလုပ်သည့် အစီအစဉ်ကို ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပ သည်။
Jul 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဆီထွက်သီးနှံအဖြစ် ၂၀၂၂ ခုနှစ် နွေနှမ်းစိုက်ပျိုးရာသီတွင် စိုက်ပျိုး ဆောင်ရွက်ခဲ့သော နွေနှမ်းသီးနှံများ စံကွက်ရိတ်သိမ်းခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာနှင့် စလင်းမြို့နယ် ကူဖြူကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 02,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်တက္ကသိုလ် အားကစားနှင့် ကာယပညာ ကော်မတီက ကြီးမှူးကျင်းပ‌သော ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစား ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Jul 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က “မြန်မာအမျိုးသမီးများနေ့အကြို” အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်သည်။
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁:၀၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။