အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2022
ကချင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး မေခမြစ်နှင့် မလိခမြစ်တို့ ဆုံဆည်းရာမှ  ဧရာဝတီမြစ်အဖြစ်စတင်စီးဆင်းရာ မြစ်ဆုံနေရာသည် ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များလာ ရောက်အပန်းဖြေလည်ပတ်စရာနေရာ တစ်ခုဖြစ်သောကြောင့် ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Oct 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့သည်။
Oct 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှပေးအပ်သော မြို့နယ်စာရေးဆရာအသင်းဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ကျင်းပပြုလုပ်သည်။
Oct 08,2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများဖြစ်သော ဘတ်စကက်ဘောပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘိလိယက်/စနူကာ ပြိုင်ပွဲတို့တွင် ရွေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 08,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်းရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပသော ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Oct 08,2022
စစ်ကိုင်းတိုင်ဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်၊ ပုညရှင် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ် တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်းဘေးရှိ မလေးရှား ပိတောက်ပင်သည် ဘုရားကြီးမြို့မှ ဝေါမြို့သို့ ဓာတ်အားပေးထားသော ဓာတ်တိုင်ပေါ်သို့ ပိကျကာ လမ်း၏တစ်ခြမ်းအား ပိတ်ဆို့သွားကြောင်းနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့ရှိ ညောင်မုန့်စိတ်ပင်လဲပြိုခြင်းကြောင့် ဖုန်းတိုင် များလည်းကျိုးခဲ့ကြောင်း သိသည်။