Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းမြို့၌ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Jun 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီနှင့် OPK CLUB တို့ ပူးပေါင်း၍ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပိုးတန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန ကွင်းဆင်းစစ်ဆေး
Jun 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် စာစစ်ဌာနကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်အတွင်း စာဖြေဌာနာများ အနီးပတ်ဝန်းကျင် နေအိမ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 15,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်း စာဖြေဌာနာများ အနီးပတ်ဝန်းကျင် နေအိမ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများအား ကွင်းဆင်းဆောင်ရွက်
Jun 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသော ဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရေး အသိပေးကြေညာချက်ဗီနိုင်းချိတ်ဆွဲခြင်းကို ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းများပြန်လည်ပြုပြင်နေမှု ကွင်းဆ…
Jun 15,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်းနှင့် တပ်ကုန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်း (MRTV) ကျောင်းများသို့ သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသားအင်အားပြည့်မီအောင် စည်းရုံးဆောင်ရွက်ရေး၊ ကျောင်းများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရေး၊ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အန္တရာယ်ရှိ အမှိုက်၊ အမှိုက်အစို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်များအား ခွဲခြားစွန့်ပစ်ရန်၊ အမှိုက်ပုံးများအား သတ်မှတ်အရောင်များဖြင့် ထားရှိနိုင်ရေး၊ မြို့/ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် တစ်ဦးချင်း၊ တစ်အိမ်ချင်းကိုယ်တိုင်သန့်ရှင်းရေးပြုလုပ်သည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကလောမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 15,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့ လိုက်ပါလျက် ဇွန်လ (၁၃)ရက်နေ့ မွန်းလွဲ(၂)နာရီက ကလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းဝင်းအတွင်း အနိမ့်ပိုင်းနေရာရေအချို့ ဝင်ရောက်နေမှုနှင့် ဘောလုံးကွင်းအုတ်တံတိုင်း ကာရံနေမှုတို့ကို ကြည့်ရှု၍ ကျောင်းဆောင်များကိုလည်း ပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းများ ဆောင်ရွက်
Jun 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စျေးရပ်ကွက် မြူရုံလမ်းနှင့် အ.ထ.က (၁) ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပ…
Jun 15,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း မတ်လ ၂၈ နေ့ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ဇွန်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1390
Page
1391
Page
1392
Page
1393
Current page
1394
Page
1395
Page
1396
Page
1397
Page
1398
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department