အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍  အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 03,2022
ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်(B.O.T)လက်မှတ်ရေးထိုးချုပ်ဆိုသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်  "လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူး အကြောင်းသိကောင်းစရာ" အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၉)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍  ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကံပိုင်တည်မြို့တွင် မြို့ဂုဏ်ကျက်သရေတင့်တယ်လာစေရန် နှင့် မြို့အင်္ဂါရပ်များနှင့်အညီ သာယာဖွံ့ဖြိုးတိုးတက်၍ ထာဝရတည်တံ့ခိုင်မြဲစေရန် ကျောက်သား ဆိုင်းဘုတ် စိုက်ထူရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁) ရပ်ကွက် တွင် ကျင်းပခဲ့သည်။
Dec 02,2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ် ကျင်းပပြု လုပ်ပေးသည့် မသန်စွမ်းအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
Dec 02,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက
Dec 02,2022
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော် ဆောင်ပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နှင့် လုပ်ငန်းရှင်များ အကြား လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Dec 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၂ -၂၀၂၃ ခုနှစ်စိုက်ပျိုး ရာသီအတွက် ကုလားပဲဧက (၁၄၁၂၅)ကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ ပဲစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရှိရသည်။