Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဇီးကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Jun 21,2023
ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်စနစ်တကျထုတ်ပေး
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက်ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ လူငယ်သင်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်းကို ယနေ့ နံနက် ၉နာရီက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ သက်ကြီးဘိုး၊ ဘွားများအား လစဉ် ဆန်၊ ဆီ၊ ကြက်ဥ အခြားအသုံးဆောင်ပစ္စည်း ထောက်ပံ့လှူဒါန်းပွဲ ကျင်းပ
Jun 21,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၇၀)စုအနက် (၃၆)စုအား (၁၀)ကြိမ်မြောက်အဖြစ် ဆန်၊ဆီ၊ကြက်ဥ၊ ဆပ်ပြာအမွှေးခဲနှင့် ငွေသားများကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း ၂၉ ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ၂၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိတ္ထီလာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံပေး
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန် နေ့ နံနက်ပိုင်းမှစ၍ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10916
Page
10917
Page
10918
Page
10919
Current page
10920
Page
10921
Page
10922
Page
10923
Page
10924
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department