ရေနံချောင်းမြို့ အ.ထ.က (လည်ပေါ်) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြော
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကလေးလုပ်သားခိုင်းစေမှုပပျောက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က (လည်ပေါ်)ကျောင်း၌ ကျင်းပသည်။