သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)တွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်မှုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)တို့ ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး အထူးအလေးထား အရှိန်အဟုန်မြှင့် အစဥ်သတိမူကာ ပူးပေါင်းဆောင်ရွက်တက်စေရေးနှင့်ဆောင်ရန်၊ ရှောင်ရန်တို့အား မှတ်သားလိုက်နာပြီး အချင်းချင်း ရိုင်းပင်ကူညီတတ်စေရေးတို့အတွက် ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဇာတ်တိုက်လေ့ကျင်မှုကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းရှိ ၅ ထပ်အဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် (မြို့နယ်အဆင့်)ကို ယနေ့နံနက် ၈ နာရီအချိန်က နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက် ကိုယ်ထူကိုယ်ထအခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့ အ.ထ.က(၃)ကျောင်း၌ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာ ရေးစစ်ဆေးခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ ချောက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများကို ယမန်‌နေ့နံနက် ၉ နာရီခွဲက အ.ထ.က (၃)ကျောင်း၌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန် ကြီးကြပ်ရေးကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၌ကျင်းပရာ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်အသေးစားနှင့်အလတ်စား ကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။

ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က(ခိုလမ်)၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊  စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ် အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စေရေး၊ အစားအစာနှင့် တကိုယ်ရေသန့်ရှင်းမှုရှိစေရေး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ “နတ်သျှင်နောင်”စာကြည့်တိုက် အဆောက်အုံသစ် ဖွင့်ပွဲအခမ်းအနား တက်ရာက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ “နတ်သျှင်နောင်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရာက်ကြသည်။

တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အိုင်ကလောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Subscribe to