ရေနံချောင်းမြို့နယ်၌ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ရွေးကောက်ပွဲလှုံ့ဆော်ရေး Billboard စိုက်ထူ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများပိုမိုပါဝင်မဲပေးနိုင်ရေး “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲလှုံ့ဆော်ရေး Billboard ကို ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၌ စိုက်ထူခဲ့ကြောင်း သိရသည်။