ခရမ်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရမ်းမြို့ အ.ထ.က (၂) မြို့မဂုဏ်ရည်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးမြင့်မားစေရန် ရည်ရွယ်ကာ စာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးစာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် မြောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျန်းမာကြံ့ခိုင်ရေးနှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြော

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာများတိုးပွားပြီး၊ အားကစားကို ပိုမိုလိုက်စား တတ်လာစေရန်အတွက် ပညာပေးဟောပြောပွဲများကို ကျောင်းအခြေပြု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် လယ်လှကျေးရွာတွင် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လယ်လှကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ‌ ‌ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ၊မိသားစုဝင်ငွေတိုးပွားရေးအတွက် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လယ်လှကျေးရွာတွင် ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါး ဧက ၇၀၀၀ ကျော်စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးစပါး ဧက ၇၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မူဆယ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ခရိုင်မီးသတ်တပ်ဖွဲ့ရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဇတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် (၉) နာရီက ပြုလုပ်သည်။

တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများ အားထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ငဝန်မြစ်ရေမြင့်တက်မှု့ကြောင့် နှောကုန်းဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်သည့်အိမ်ထောင်စုများသို့ ယမန်နေ့ နေ့လည် ၁၂ နာရီ ၃၀ မီးနစ်အချိန်တွင် ထောက်ပံ့ငွေ များပေးအပ်ခဲ့ကြောင်းသိရသည်။

ကျိုက်လတ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Subscribe to