ဒလမြို့နယ်၌ ကျပ်သိန်း ၁၅၀ ဖြင့် အသစ်ဆောက်လုပ်လျက်ရှိသော စာကြည့်တိုက်နှင့် ကျပ်သိန်း ၅၀ ဖြင့် ပြုပြင်တည်ဆောက်လျက်ရှိသော စာကြည့်တိုက် နှစ်တိုက်အား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် စာကြည့်တိုက်အသစ်တည်ဆောက်နေသော ဓနုတ်ကျေးရွာအုပ်စုနှင့် ကျပ်သိန်း ၅၀ ဖြင့် ပြုပြင်တည်ဆောက်နေသော ရခိုင်ချောင်(တောင်)ကျေးရွာများသို့ ဩဂုတ် ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

မြို့သစ်မြို့နယ်၌ ဆန်များအား ရည်ညွှန်းစျေးအတိုင်း ပုံမှန်ရောင်းချနိုင်ရန် ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စားသုံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့၊ မြို့မစျေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုင်းပျဥ်းမြို့၌ ကျေးရွာစာကြည့်တိုက် ဆောက်လုပ်မည့်မြေနေရာသို့ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၊ ယန်းမိုင်ကျေးရွာအုပ်စု၊ ယန်းမိုင်ကျေးရွာတွင် စာကြည့်တိုက်အ‌ဆောက်အအုံအသစ် ဆောက်လုပ်ရန်အတွက် မြေနေရာအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလောမြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပ‌သော အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို သြဂုတ် ၇ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့သည်။

ဟဲဟိုးမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ချီးမြှင့်ပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ” ဆိုသည့်အတိုင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ပညာသင်ကြားရာတွင် အခက်အခဲမရှိစေရေးအတွက် ယမန်နေ့ နံနက်(၈)နာရီခွဲက ကလောခရိုင်၊ ကလောမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သပြေဆောင် ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲ ကျင်းပသည်။

ကလိန်အောင်မြို့၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်‌ရေးနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်‌အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ ၌  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ သိရှိနားလည်စေရန်အတွက် ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်‌ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၌ မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၁၃)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းတည် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် ဆည်မုန်းကျေးရွာ၌ လူနေအိမ် (၁၃)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

ကျောက်ဆည်မြို့ အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီကကျောင်းသား/ကျောင်းသူများ အသိ ပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ကျောက်ဆည်မြို့ အမှတ်(၁၆)အခြေခံပညာ မူလတန်းကျောင်းသို့ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to