ကလော ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစုစုထွေးက အမှာစကားပြောကြားခဲ့ပြီး မိုးရာသီအားကစားပြိုင်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲအပြီးတွင် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုနှင့် ဒုတိယဆုတို့ကိုလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ပထမဆုနှင့် ဒုတိယဆုတို့ကို ဟဲဟိုးမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် လည်ဆွဲဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)