ဘိုကလေးမြို့နယ်တွင် ခြင်မှတစ်ဆင့်ပေါက်ဖွားတတ်သော ရောဂါများကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါဘယများ ကင်းဝေးစေရေးအတွက် ယနေ့နံနက် (၉) နာရီ အချိန်၌ မြို့နယ်တွင်းရှိ လူနေရပ်ကွက်များ၌ တာဝန်ရှိသူများက ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ကြသည်။

ငါးသိုင်းချောင်းမြို့တွင် ကလေးအသက် (၂) လမှ (၁) နှစ်ခွဲအထိ ပုံမှန်ကလေးကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်ထိုးနှံဆောင်ရွက်ပေးခဲ့သည်။

ရွှေဘိုမြို့၌ ၃ နှစ်မှ ၅ နှစ်ရွယ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ၃ နှစ်မှ ၅ နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ​ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

လှည်းကူးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၇ ရက် မွန်းလွှဲ ၁ နာရီက လှည်းကူးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခရမ်းမြို့ မြို့မစျေးအတွင်းရှိ ဆေးဆိုင်များတွင် သတ်မှတ်ချက်အညီ ကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တိုင်းရင်းဆေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ မြို့မဈေးဝင်းအတွင်းရှိ ဆေးဆိုင်များတွင် သတ်မှတ်ချက်အညီ ကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

(၂၅)ကြိမ်မြောက်မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ဩဂုတ် ၆ ရက်က  ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

"အဂတိငြင်းပယ်ဖို့ သင့်ရဲ့ကဏ္ဍနှင့် တာဝန်ခံယူစို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း စံပယ်ဆောင် စာသင်ခန်း၌ ကျောင်းသား/သူများဖြင့် ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

တောင်သာမြို့ အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များပြသ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၁၀)နာရီအချိန်က  အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးမြေပဲစီမံကိန်းဝင်တောင်သူများသို့ သွင်းအားစုပစ္စည်းများပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးမြေပဲစီမံကိန်းဝင်တောင်သူများသို့ သွင်းအားစုပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Subscribe to