အလုံမြို့နယ်တွင် ရွေ့လျားဆေးခန်းဖွင့်လှစ်၍ အသိပညာပေးဟောပြောခြင်းနှင့် Pfizer Grey Cap ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ရွေ့လျားဆေးခန်းဖွင့်လှစ်၍ ကျန်းမားရေးအသိပညာပေးဟောပြောခြင်းနှင့် Pfizer Grey Cap ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင်ဖွင့်လှစ်ထားသော ဟားခါးပညာရေးကောလိပ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းနှင့် ကရင်ခြံရပ်ကွက်သို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။