အလုံ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ရွေ့လျားဆေးခန်းဖွင့်လှစ်၍ ကျန်းမားရေးအသိပညာပေးဟောပြောခြင်းနှင့် Pfizer Grey Cap ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင်ဖွင့်လှစ်ထားသော ဟားခါးပညာရေးကောလိပ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းနှင့် ကရင်ခြံရပ်ကွက်သို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများတို့ဦးဆောင်သော အခြေခံကျန်းမာရေးဝန်ထမ်းများသည် အဖွဲ့(၃)ဖွဲ့ခွဲ၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ သံဓာတ်ဆေးပြားများဖြန့်ဝေပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကရင်ခြံရပ်ကွက်တွင် အထွေထွေရောဂါလူနာ(၂၃)ဦးတို့အား ကုသပေးပေးခဲ့ပြီး အသက်(၁၈)နှစ်အထက်ပြည်သူ(၂၇)ဦး၊ ဟားခါးပညာရေးကောလိပ် တွင်ဆရာ၊ဆရာမ၊ကျောင်းသား (၁၈၄)ဦး၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းစုရပ်တွင် ဆရာ၊ဆရာမ(၁၅၃)ဦးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် အသက်(၁၈)နှစ် အထက် ပြည်သူ (၂၆)ဦးအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ယောဧရာ