စာရေးဆရာ ‌မောင်ပေါ်ထွန်း၏ “အဆင့်မြင့်အောင်မြင်သူတို့၏အလေ့အထများဆောင်းပါး” စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မောင်ပေါ်ထွန်း၏ အဆင့်မြင့်အောင်မြင်သူတို့၏ အလေ့အထများဆောင်းပါး စာအုပ်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ၎င်းရုံးရှိ လူထုအခြေပြုဗဟိုဌာန၊Community Center ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပသည်။

လယ်ဝေးမြို့နယ် ညောင်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ပထမအကြိမ်ထုတ်ချေးမည့် အခမ်းအနားကျင်းပ

ကျေးလက်နေပြည်သူများ တပိုင်တနိုင်လုပ်ငန်းများ အကျိုးရှိစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်ထုတ်ချေးမည့် အခမ်းအနားကို ယမန် နေ့ မွန်းလွဲ(၁)နာရီက လယ်ဝေးမြို့နယ် ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

ကျီခါးမြို့ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းကျေးရွာ၌ 2019 Novel Coronavirus စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်း နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

ချင်းပြည်နယ်၊ ကျီခါးမြို့၊ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းကျေးရွာ၌ 2019 Novel Coronavirus ကြိုတင်ကာကွယ်ရေး ကျန်းမာရေး စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်းကို ကျီခါးမြို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များက ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ (၂၉)ရက်နေ့မှ စတင်၍ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် "လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သောကြာကြယ် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျိုက်ဒုံမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ မီးသတ်ဦးစီးဌာနမှ ကျိုက်ဒုံမြို့ မီးသတ်တာဝန်ခံ ဦးဟိန်းထက်​ဇော်နှင့် မီးသတ်တပ်ဖွဲ့များသည် ယမန်နေ့ည ၇ နာရီက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုး​ဆော်မှုများ ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/သူ(၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုမည်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ပြည့်နှစ် မတ်လ(၁၁) ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ လှိုင်းဘွဲမြို့နယ် အတွင်း စာစစ်ဌာန(၁၁)ခု ၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

ရမည်းသင်းမြို့၌ ပထမအကြိမ် (၄)မြို့နယ်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ရမည်းသင်းမြို့နယ် မြို့မိ မြို့ဖ များနှင့် ရမည်းသင်းမြို့နယ် စက်ဘီးစီးအသင်းတို့ ပူးပေါင်း၍ ပထမအကြိမ် (၄) မြို့နယ် ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ရမည်းသင်းမြို့ ဗိုလ်ချုပ်ကြေးရုပ် အနီးမှ စတင်တာလွှတ်ခဲ့ကြောင်းသိရသည်။

ကျုံပျော်တွင် စွမ်းအားမြှင့်မီးဖို ၁၈၀၀၀လုံး ဖြန့်ဝေပေးသွားမည်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲရေး ဗဟိုဌာနတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေး သည့် ကျေးရွာများသို့ စွမ်းအားမြင့်မီးဖို ၁၈၀၀၀လုံး အား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြံခင်း မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ရည်ရွယ်ပြီး ကြံခင်းမြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ယမန်နေ့က ကြံခင်းမြို့ ကြာအင်း ကျေးရွာ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်သည်။
Subscribe to