ကျောက်ဆည်မြို့တွင် "လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သောကြာကြယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ဆွေးနွေးပွဲစကားဝိုင်းများ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကျောင်း ကျန်းမာရေး အဖွဲ့ခေါင်းဆောင်ဒေါက် တာယဉ်မွန်ကိုက ကျောင်းသား၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး ဆက်နွယ်နေမှုအကြောင်းများကို လည်းကောင်း၊ မြို့မရဲစခန်းမှူး၊ ဒု-ရဲမှူးဝင်းဇော်မြင့်က မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် အရေးယူးဆောင်ရွက်နိုင်သည့် မှုခင်းဖြစ် စဉ် များ ကိုလည်းကောင်း၊ ဒုတိယမြို့နယ် ဥပဒေ အရာရှိဦးမျိုးက မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းက စနစ်သစ် ပညာရေးနှင့်ပြည်သူ့နိတိ အကြောင်းများကိုလည်းကောင်း အသီးသီး ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးခဲ့ကြသည့်အပေါ် ဆွေးနွေးပွဲ တတ်ရောက် လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုကြသည့်အကြောင်း အရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

သက်မောင်(ကျောက်ဆည်)