သီပေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ် အရ စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှင့် မိုးစပါးစံကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ၊မန်ဟဲကျေးရွာအုပ်စု ၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာဖြစ်သော နားခဲကျေးရွာရှိ တောင်သူဦးထွန်းမြတ်၏စိုက်ခင်းတွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှု(CERP)အရစိုက်ပျိုးသောမိုးစပါး(RS-CS)မျိုးစေ့ထုတ် စိုက်ခင်းနှင့်DU12မျိုး မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆)ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ (၄၈) ဦးရှိခဲ့ရာ နောက်ဆုံးကျန်ရှိသည့် (၆) ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

စေတုတ္တရာမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection) ဆောင်ရွက်

မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မွန်ဇော်ကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ်စိုက်ခင်း (၃၇)ဧကတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လက်ပံတန်းမြို့နယ်တွင် လွတ်လပ်သော ရွေးကောက်ပွဲအတွက် အာရှကွန်ယက် အဖွဲ့မှ ကိုဗစ်-၁၉ ပိုးတွေ့သူနှင့် ထိတွေ့ခဲ့သော ကော်မရှင်အဖွဲ့ဝင်များအား ဒုတိယ အကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ရယူစစ်ဆေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်သို့ အထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာရန် လာရောက်ခဲ့သော အာရှကွန် ယက်အဖွဲ့မှ ဖိလစ်ပိုင် နိုင်ငံသူနှင့် စကားပြန်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ် ရယူစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်၊ အောင်းပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် သိန်း ၅၁၀ ပြန်လည်ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲမှု လျော့ချရေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း(၃၅)ရွာ ယူနစ်ပေါင်း (၂၁) ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အောင်းပင် ကျေးရွာ၌ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြခံလူတန်းစား စတုတ္ထအကြိမ်မြောက် ထောက်ပံ့​​ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ကိုဗစ်ကာလအတွင်း

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝန်းသိုမြို့နယ် အောင်းပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် သိန်း ၅၁၀ ပြန်လည် ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲ မှုလျော့ချ ရေးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း(၃၅)ရွာ ယူနစ် ပေါင်း(၂၁) ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က အောင်းပင် ကျေးရွာ၌ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်း အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ ကြောင်း သိရသည်။

မိုင်းစံမြို့ ၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ ၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား နိုင်ငံတော်က စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းများအပေါ် ဆက်လက်ထောက်ပံ့ခြင်းများကို အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉နာရီခွဲက ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ပြင်စလူမြို့တွင်  စတုတ္ထအကြိမ်မြှောက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူတွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ရပ်ကွက်/ကျေးရွာ များတွင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။
Subscribe to