ပျားကျေးရွာတွင် စာအောင်ဆုနှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
ဂန့်ဂေါ ဇန်နဝါရီ ၅
ဂန့်ဂေါမြို့နယ် ပျားကျေးရွာ ပျားသာသနာ့ရိပ်သာကျောင်းတိုက်၌ အစိုးရဓမ္မာစရိယတွင် သီလက္ခန်ကျမ်း၊ (၂၆) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲတွင် ဝိနယဝိဒူဘွဲ့တံဆိပ်၊ ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်ဒီပလိုမာဘွဲ့ B.A ၊ M.A ဘွဲ့ရရှိတော်မူသည့် အရှင်တေဇနိယအား ချီးကျူးပူဇော်ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီတွင် ပျားသာသနာ့ရိပ်သာကျောင်းတိုက်၌ပြုလုပ်ရာ ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။