ရှေးဟောင်းသမိုင်းဝင် သန်လျင်ကျိုက်ခေါက်စေတီတော်မြတ် (၂၃၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် (၂၃၂၂) ကြိမ်မြောက် ၁၃၈၁ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်းစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ စေတီတော်အရှေ့ဘက်ရှိ ကြာကန်ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။