မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ကာကွယ်ဆေးထိုး သင်တန်းဖွင့်လှစ်
စေတုတ္တရာ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ မြို့နယ်အတွင်း တိရိစ္ဆာန်များ ကူးစက်ရောဂါ ကင်းရှင်းစေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။