ဖားကန့်သီတဂူစက္ခုဒါနဆေးရုံ၌ အလှူရှင်၏ လှူဒါန်းမှုဖြင့် အထွေထွေခွဲစိတ်ကုသဆောင်သစ် ဖွင့်လှစ်နိုင်ခဲ့
ဖားကန့် ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံဝင်းအတွင်း အလှူရှင်၏ ဆောက်လုပ်လှူဒါန်းမှုဖြင့် အထွေထွေခွဲစိတ်ကုသဆောင်သစ်အား ယမန်နေ့က တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
အထွေထွေခွဲစိတ်ဆောင်သစ်ကို ပိုင်ဖြိုးသီဟကျောက်မျက်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ညွန့်မိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့ပြီး သုံးထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။