၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်လှစ်
အင်းစိန် ဇန်နဝါရီ ၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်အဆင့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအတွက် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို အင်းစိန်မြို့နယ် မြို့သစ်(ဂ) ရပ်ကွက် ပိတောက်လမ်းပေါ်ရှိ ဥတ္တမဝံသ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခန်းမ၌ ယနေ့နံနက် (၉)နာရီက ဖွင့်လှစ်ခဲ့သည်။