အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံး ကစားသမားများကို ဗန်းမောက်မြို့၌ ကြိုဆိုဂုဏ်ပြု
ဗန်းမောက် ဇန်နဝါရီ ၃
ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသော ခရိုင် အား/ကာကော်မတီ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးလူငယ်ဘောလုံးပြိုင်ပွဲတွင် ဗန်းမောက်အသင်းက ပထမ နေရာရရှိ ခဲ့သောကြောင့် ယနေ့ နံနက် ၁၀ နာရီက ကြိုဆိုခဲ့ကြောင်း သိရသည်။