(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို မီနီမာရသွန် အပြေးပြိုင်ပွဲကျင်းပ
အမရပူရ ဇန်နဝါရီ ၃
(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန် အပြေးပြိုင်ပွဲကို အမရပူရမြို့နယ်တွင် ယနေ့ နံနက် ၅ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မီနီမာရသွန်အပြေးပြိုင်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့် ၊ မြို့မိမြို့ဖ ဦးတင်ထွဋ် ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်း နှင့် ဝန်ထမ်းများ ၊ မြို့နယ်အားကစားမှူး ဒေါ်အေးအေးခိုင်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။