(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို ကျောင်းနေအရွယ်ခလေးများ သိရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ပေးလျက်ရှိရာ စာစီစာကုံးပြိုင်ပွဲတွင် လွိုင်လင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ၁၉ ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ ၁၉ ဦး လာရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။

မိုင်းပျဉ်းမြို့တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အောက်ဈေးတန်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မိခင်နှင့်ကလေး မူလတန်းကြို ကျောင်းတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီကကျင်းပပြုလုပ်ခဲ့သည်။

အ.ထ.က-ကလိန်အောင်၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်း အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီကကျင်းပ ပြုလုပ်ခဲ့သည်။

ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ကူးတို့ရေယာဉ်များအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး သရက်-အောင်လံ ပြေးဆွဲလျက်ရှိသည့် ကူးတို့ရေယာဉ်များအား ကွင်းဆင်းစစ်ဆေးချက်ခြင်းကို ယမန်နေ့ နံနက်(၈) နာရီက သရက်ပဲ့ထောင်ဆိပ်ကမ်းနှင့် အောင်လံပဲ့ထောင်ဆိပ်တို့တွင် သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေ ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မင်းလှမြို့ ပန်းတော (၂)ကျေးရွာနှင့် ဒီလှိုင်း‌ကျေးရွာတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်

ပဲခူးတိုင်း‌ဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ပန်းတော (၂) ကျေးရွာ၊ အပ္ပမာဒဘုန်းတော်ကြီးကျောင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် နှင့် ဒေသခံပြည်သူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းရှည်ကုန်းကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု-အင်းရှည်ကုန်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ထောက်ပံ့ပစ္စည်းတစ်စုံနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ကျပ်တစ်သိန်း၊ ဆန်ဖိုးထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်(၂၁၀၀/-)နှုန်းဖြင့် မိသားစုဝင် (၅)ဦးအတွက် ငွေကျပ်(၁၀၅၀၀၀/) တို့ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ပခုက္ကူမြို့၌ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူ

၂၀၁၉ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ယနေ့ နံနက်ပိုင်းက ပခုက္ကူမြို့၊ အမှတ် ၁နှင့်အမှတ် ၁၅ ရပ်ကွက်များ၌ စတင်ကောက်ယူခဲ့သည်။

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀) သို့ သွားရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်ကိုယ်စားပြု တိုင်းရင်းသား အလှမယ် ရွေးချယ်ပြိုင်ပွဲ ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်း ကျင်းပပြုလုပ်မည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)သို့ သွားရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် ကိုယ်စားပြု တိုင်းရင်းသားအလှမယ်ရွေးချယ်ပြိုင်ပွဲကို ယမန်နေ့ ည ၇ နာရီက လွိုင်ကော်မြို့ ၊ ကယားပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ ခရေလမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ ခရေလမ်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to