ကောလင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။