မင်းလှမြို့ ပန်းတော (၂)ကျေးရွာနှင့် ဒီလှိုင်းကျေးရွာတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ပန်းတော (၂) ကျေးရွာ၊ အပ္ပမာဒဘုန်းတော်ကြီးကျောင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် နှင့် ဒေသခံပြည်သူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။