ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြုလုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာဆွေးနွေးပွဲကျင်းပ
ရှမ်းရွာသစ် ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပညာရေးကို ထိရောက်သော သင်ကြားမှုနှင့်သင်ယူမှုရှိစေရန် ရည်ရွယ်၍ ကျောင်းအခြေပြုလုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။