ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ရော်ဘာပင်များတွင် ရွက်ကြွေရောဂါဖြစ်စေသည့် PestalotiopsisSpp မှိုရောဂါဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်
ကော့ကရိတ် ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ယနေ့ နံနက်၉နာရီအချိန်က ရော်ဘာပင်များတွင် ရွက်ကြွေရောဂါဖြစ်စေသည့် PestalotiopsisSpp မှိုရောဂါဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူလေထီးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။