ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆရာတော်တစ်ပါး အခင်းဖြစ်ရာနေရာ၌ ပျံလွန်တော်မူကာ၊ အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ သိရသည်။