ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးဝေရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အချိန်မီ ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက  ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မုံးကိုးမြို့၊ ဖောင်းဆိုင်ကျေးရွာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ် နယ်စပ်ဒေသ မုံးကိုးမြို့၊ ဖောင်းဆိုင်ကျေးရွာ၊ စုပေါင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပြီး ကျန်းမာရေးအထောက်အကူပြု Face Mask (၅၀၀)ခုနှင့် လက်ဆေးရည်(ဂျယ်ဗူး)များ ထောက်ပံ့ပေးအပ်သည်။

ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ မြူနှင်းပိတ်ချိန် မထွက်ခွာစေရေး ဒလမြို့နယ်ရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား စစ်ဆေး

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်တွင်း၌ မြူနှင်းပိတ်မှုကြောင့် ရန်ကုန်မြို့သို့ တက္ကသိုလ် ဝင်တန်း စာမေးပွဲ သွားရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွား မိဘ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေး၊ ဘေးကင်း လုံခြုံရေးအတွက် မြစ်တွင်းသွား စက်တပ် သမ္ဗန်များ၌ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေး၊ မြူနှင်းပိတ်ချိန် ကမ်းမှ ခရီးသည်များ တင်ဆောင်ပြီး မထွက်ခွာစေရေးတို့ကို ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ထပ်ဆင့် အသိပေး ပြောကြားခဲ့သည်။

အ.လ.က(၂)အင်းစိန်၊ ၂ထပ်ကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အ.လ.က(၂)အင်းစိန်၊ ၂ထပ်ဆောင်သစ် ပန္နက်တင် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အ.လ.က(၂)အင်းစိန် ကျောင်းတွင် ကျင်းပခဲ့သည်။

မိုးနဲမြို့ တည်ဆောက်ရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော နမ့်စန်-မိုးနဲ-မိုင်းတုံ - မိုင်းဆတ် (ပြည်ထောင်စုလမ်း)နှင့် အခြေခံပညာအထက်တန်းကျောင်း (မိုးနဲ) နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုတို့အား စီမံကိန်းစိစစ်ရေး‌နှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန(နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း၊ လင်းခေးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးကျော်သူရ နှင့် မိုးနဲမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မိုင်းဖြတ်၌ မီးခိုးမြူငွေ့များ ကျရောက်ခြင်းကြောင့် ရေမှုန်ရေမွှားများပက်ဖျန်း

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း မီးခိုးမြူများ ဖုံးလွှမ်းနေခြင်းကြောင့် မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲကစ၍ မြို့တွင်း ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် မီးသတ်ယာဉ်ဖြင့် ရေမှုန်ရေမွှားများ ပက်ဖျန်းလျက်ရှိကြောင်း သိရသည်။

မီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် တာဝန်ရှိသူတို့သည် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်းကျေးရွာ၌ မတ်လ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင် ပျက်စီးခဲ့ရသောနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်ခဲ့သည်။

ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော် (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော်(၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၇ရက်နေ့ (မတ်လ၁၅ရက်နေ့မှ ၁၁ရက်နေ့) အထိ ကျင်းပမြဲဖြစ်ရာ လတ်တလော ဖြစ်ပွားလျက်ရှိသော(ကိုရိုနာဗိုင်းရပ်) ကူးစက်ရောဂါ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်သံဃနာယက ဆရာတော်များ၊ အုပ်စု သံဃနာယကဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရှိ ရပ်မိ/ရပ်ဖနှင့် ခမောက်တောင်တော် ဂေါပကလူကြီးမင်းများ အားလုံးစုံညီ ညှိနှိုင်း တိုင်ပင်ချက်အရ ဘုရားပွဲတော်ရက်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ဘောဂလိမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၈နာရီခွဲ)အချိန်က ဘောဂလိမြို့ အမှတ်(၃) ရပ်ကွက်အတွင်း ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြသည်။

ပင်လုံမြို့၌ Covid -19 နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယနေ့ နံနက် ၉:၀၀ နာရီက ပင်လုံအရှေ့ကျေးရွာအုပ်စု နောင်လိုင့်ကျေးရွာ၌ Covid -19 အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍   အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to