နန်းယွန်းမြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နန်းယွန်းမြို့တွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် လမ်းအထူး(၁၉) အဖွဲ့က မြေပြင် ကွင်းဆင်း တိုင်းထွာလျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က သဲကုန်းမြို့ ရပ်ကွက်(၁) အတွင်းရှိ နေဝန်းနီ လက်ဖက်ရည်ဆိုင်ပါ လက်ဖက်ရည်ဆိုင်များ၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဈေးသွားဈေးလာများ၊ ကားဂိတ်၊ ရထားဂိတ်များစသည့် လူစည်ကားရာ နေရာများတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများမှ စားသုံးသူ၏တာဝန်များ၊ တောင်းဆိုနိုင်သည့် အခွင့်အရေး၊ တိုင်ကြားနိုင်သည့် အခြေအနေ၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ စီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူခြင်း၊ ပြစ်မှုပြစ်ဒဏ်အရ အရေးယူခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ယူဖြေရှင်းမည့် အခြေအနေများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်(၁၅၀)ခန့်တို့အား ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် လိုက်လံဝေငှပေးခဲ့ကြောင်း သိရှိရသည်။

မူဆယ်မြို့နယ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် လမ်းများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊နမ့်တောင်း-မုံးပေါ်- မုံးကိုး- ဖောင်းဆိုင်လမ်းတွင် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းများကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအယ်လ်စိုးထန်တူး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့် မြင့်ဦး၊ မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးကျော်ကျော်မိုးနှင့် တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းစစ်ဆေးသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် စားသုံးသူများ မိမိတို့အခွင့်အရေးကို သိရှိနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ဈေးအတွင်းရှိ ဈေရောင်း/ဈေးဝယ်ပြည်သူများအား မတ်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

"ပါရမီရှင်" နာရေးကူညီမှုအသင်းမှ အန်းတားကျေးရွာသို့ သောက်သုံးရေများလှူဒါန်း

 မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အန်းတားကျေးရွာသို့ ကန်သာကျေးရွာက ပရဟိတ ခေါင်းဆောင် ဦးကံထွားနှင့်အဖွဲ့က လှူဒါန်းသော သောက်ရေသန့်ဗူး ၁၀၀ အား ပါရမီရှင် နာရေးကူညီမှု အသင်းမှ ယမန်နေ့  မွန်းလွဲပိုင်းက သောက်သုံးရေပြတ်လပ်နေသော အန်းတားကျေးရွာရှိ နေအိမ်များ ထံသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။

ကျေးရွာချင်းဆက် ကျောက်လမ်းခင်းခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစေရေးကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း မြကုန်း-သေတ္တရာကျေးရွာ ချင်းဆက် ကျောက်လမ်းခင်းခြင်းလုပ်ငန်းနှင့် နွယ်ရှောက်-ပန်းရွာကျေးရွာချင်းဆက် ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ကျော်ဖြင့် ရနောင်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအရည်အသွေး

မိတ္ထီလာမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

မိတ္ထီလာမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို ယနေ့ နံနက် (၁၂) နာရီက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိသည့် မြို့ပေါ်ရှိ စာစစ်ဌာနများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်း တည်ဆောက်လျက်ရှိ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊ ကမ်းနားလမ်း ငဝန်ရေကာတာနှင့် ဈေးတာ(အရံတာ) နှစ်ခု အတွင်းရှိ စည်ပင်သာယာမြို့မဈေးကြီးအပါအဝင် အိမ်ခြေ(၂‌၀၀)ခန့်တွင် မြို့သန့်ရှင်း သာယာလှပရေးနှင့် မိုးရာသီ၌ ရေစီးရေလာကောင်းမွန်‌‌ရေးအတွက် ‌အကျယ်(၃)ပေ၊ အနက်(၄)ပေ၊ အရှည်(၂၀၃၆) ပေ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ(၂၀၁၉)ခုနှစ်တွင် အရှည်(၇၃၄) ပေ တည်ဆောက်ပြီးစီးခဲ့ပြီး ယနေ့အထိ (၂၈၂)ပေ စုစုပေါင်း (၁၀၁၆)ပေ တည်ဆောက်ပြီးစီးပြီဖြစ်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ယခုနှစ်မိုးရာသီကာလမတိုင်မီ ရာနှုန်းပြည့် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မြစ်သားမြို့နယ်တွင် Covid 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့်ဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေ ကျပ်(၁၀)သိန်း လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 (Covid- 19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပလျက်ရှိသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် ဖြေဆိုကြသည့် ကျောင်းသား/သူတို့အား ယနေ့နံနက် (၉)နာရီက ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များတို့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to