သံတောင်ကြီးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးဗီနိုင်းများ စိုက်ထူ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ဦးဆောင်ကာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများအားလုံးတို့တွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန် အတွက် ကျန်းမာရေး အသိပညာပေး ဗီနိုင်းများကို ယနေ့နံနက်ပိုင်းက စတင်ပြီး ဆောင်ရွက်ခဲ့သည်။