ဘားအံမြို့ပေါ် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိပညာပေးပိုစတာများကပ်ခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် တွေ့ဆုံဆွေးနွေးကြပြီး မြို့ပေါ် လူစည်ကားရာ(၅)နေရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်မျာ ဖြန့်ဝေပေးကာ ပိုစတာများကို ကပ်ထားပေးခဲ့ကြောင်း သိရသည်။