မင်းဘူး(စကု) မြို့နယ်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် (၉၃.၉၅) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် စာစစ်ဌာန (၂၈) ခုရှိပြီး မင်းဘူး(စကု) မြို့နယ်တွင် စာစစ်ဌာန (၆) ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၉၅) ရာခိုင်နှုန်းရှိကြောင်း မင်းဘူးမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။