ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူအဆင်ပြေစေရေး(၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ တည်ဆောက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူအဆင်ပြေစေရေး (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာကို (၁၈.၄.၂ဝ၁၉) မှစတင်၍ မြင့်မိုရ်သိင်္ခကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက် ရှိရာ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဖေထံမှ သိရသည်။

ဒေးဒရဲမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပညာပေးစာစောင်များ မြေစိုက်နံရံကပ်ဘုတ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသက်ရူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နိုင်ကြစေရန်နှင့် ကျန်းမာရေး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက် နံရံကပ်ဘုတ်တွင် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုအကျိုးရှိ ထိရောက်သည်” ခေါင်းစဉ်ဖြင့် အသိပညာပေး ပိုစတာများနှင့် စာစောင်များကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြသဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲ ၁၂ နာရီက ဂန့်ဂေါ အ.ထ.က၊ အ.ထ.က(မြို့မ)နှင့် အ.ထ.က(ရှုံးရှီ)စသည့် စာစစ်ဌာနများ၌ စာမေးပွဲပြီးဆုံးချိန်များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည်။

ရွှေဘိုမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ အင်ခွဲသား(၇)တန်ကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ အင်ခွဲသား(၇)တန်ကျော် ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်းမှုး ဒုရဲမှူး သိန်းဆန်းဦးထံမှ သိရသည်။

ဘုတ်ပြင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦများ ပြိုကျပျက်စီး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယမန်နေ့ ညနေ (၆) နာရီခွဲ ခန့်က ဘုတ်ပြင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဘုံရပ်ကွက် ရာဇဓိရာဇ်လမ်းရှိ မြို့မအားကစားကွင်း အထူးတန်းပွဲကြည့်စင် အဆောက်အဦ သွပ်မိုးများ ဒိုင်းမြှားများနှင့်အတူ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာရပ်ကွက်ရှိ ဦးဇော်မင်းနိုင်၏ လူနေအိမ်ပေါ်

လေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာလူနေအိမ်များ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်

တောင်ငူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ခေါင်ရမ်း ကျေးရွာအုပ်စု အောင်းကြီးကျေးရွာအတွင်းရှိ လူနေအိမ်များ လေဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူနေအိမ်များ ပြုပြင်ခြင်းနှင့် နေအိမ်ဆောက်လုပ်ရန်အတွက် ငွေကြေး အခက်ခဲရှိသည့် မိသားစုများအတွက် အသစ်တည်ဆောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မင်းဘူးမြို့ မြို့မဈေးတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ဆေးနည်းစနစ် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက်များသို့ လာရောက်သူတိုင်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေး လက်ဆေးနိုင်ရန် ဆောင်ရွက်ပေးထားလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် စာကြည့်တိုက်သို့ လာရောက်သူတိုင်း လက်ဆေးနိုင်ရန် နေရာနှင့် စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့် အသိပညာပေး ဗီနိုင်းများ ကပ်ထားပေးကြောင်း သိရသည်။

ဆန်စပါး၊ သီးနှံများအား ရာသီမရွေး အချိန်အခါမရွေး ဈေးကွက်သို့ အချိန်မီပို့ဆောင်နိုင်ရန် ပုဂံတောင်ကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား စစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ထွက်ကုန် သီးနှံများကို ဈေးကွက်သို့ ကုန်ကျစရိတ်အနည်းဆုံးနှင့် ရာသီမရွေးပို့ဆောင်နိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းအား ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီက သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတွင် ဖောက်လုပ် လျက် ရှိသော ကျေးလက်ကုန်ထုတ်ဂဝံလမ်း၊ စံချိန်စံညွှန်းပြည့်မီရေး ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရောဂါ ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် လက်ကမ်းစားစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to