ကျိုင်းတုံ မတ်၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရောဂါ ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် လက်ကမ်းစားစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ခရိုင်ပြန်/ဆက်ရုံးရှေ့တွင် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျိုင်းတုံမြို့မစျေးအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မြို့တွင်းလူစည်ကားရာ နေရာများ၌ အသိပညာပေး ပိုစတာများ ပြသဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)