နမ္မတူမြို့နယ်၌ ပညာ့အမြုတေစာကြည့်တိုက်မှ တတိယအကြိမ်မြောက် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ သ.တ.လ (၇) ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် ပညာ့အမြုတေ စာကြည့်တိုက်မှ မြို့နယ်တွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူ ကလေးငယ်များထံသို့ တတိယအကြိမ်မြောက် စာအုပ်စာပေများ လက်ဝယ်အရောက် ငှားရမ်းဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။