ဘားအံမြို့နယ်၊ မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၁)အုပ်အတွင်း COVID−19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပေးဗီနိုင်းများ စိုက်ထူ
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဘားအံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၁)အုပ်စုအတွင်း ကျေးရွာများတွင် COVID−19 ရောဂါအကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် အသိပေးဗီနိုင်းများ စိုက်ထူခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။