လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လက်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိ

ရန်ကုန် မတ်၂၀

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လက်ဆေးနိုင်ရန် စီစဉ်ထားရှိရာ စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်လာသည့် စာပေဝါဒနာရှင်များနှင့် ကလေးငယ်များအား လက်ဆေးခြင်း ဆောင်ရွက်နိုင်ရန်အတွက် ANIOSHEL 85 NPC လက်ဆေးရည်ဘူးများ၊ အရက်ပြန်ဆေးပုလင်းများ၊ ဂွမ်းထုပ်များ၊ အဖျားတိုင်းသာမိုမီတာများ၊ အသိပညာပေးလက်ကမ်းစာစောင်များ ထားရှိခြင်း၊ ပြည်သူများရောဂါအန္တရာယ်ကို ကြိုတင်သိရှိ၍ ကာကွယ်နိုင်ရန်အတွက် လက်ကမ်းစာစောင်များကို ရုံးဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်