ဘားအံမြို့တွင် e-government စနစ်အကောင်အထည်ဖော်နိုင်ရေးအတွက် နောင်ရိုး (Naung Yoe TechnologiesCo.Ltd) မှ ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ

e-government စနစ်အကောင်အထည်ဖော်နိုင်ရေးအတွက် နောင်ရိုး (Naung Yoe Technologies Co.Ltd) မှ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ဘိုကလေးမြို့နယ်တွင် လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟစာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် ဖျာပုံခရိုင်၊ လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေရေးဖြေ၊ အာဂုံစာမေးပွဲတော်ကြီးကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် စာအောင်ဆုနှင်းသဘင်ကိုလည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲတော်ကြီးနှင့် စာအောင်သဘင်အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် (၉) နာရီတွင် ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်၌ ကျင်းပဆောင်ရွက်သည်။

တန့်ယန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲအရာရှိ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၃၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၃၉)အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်နှင့်ပြည်စုံစေသည့် ကျောင်းသား/သူများ ဖြစ်လာစေရန် ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ငရုတ်ကောင်းမြို့၌ ဆန္ဒမဲပေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာကေတမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ယနေ့နံနက်ပိုင်း (၉) နာရီက အမှတ် (၈) ရပ်ကွက်သို့ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့သည်။

သာပေါင်းမြို့နယ်၊ အ.ထ.က(ခွဲ) သပြေကျွန်း၌ လူငယ်စကားဝိုင်းကျင်းပ

သာပေါင်းမြို့နယ်၊ အ.ထ.က(ခွဲ) သပြေကျွန်း၌ လူငယ်စကားဝိုင်းကျင်းပ သာပေါင်း နိုဝင်ဘာ ၂၈ လဲ့လဲ့ဝင်း

ကန့်ဘလူမြို့၌ လူငယ်နှင့်ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ အသိပညာပေး Talk Show ဆောင်ရွက်

ကန့်ဘလူမြို့၌ လူငယ်နှင့်ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ အသိပညာပေး Talk Show ဆောင်ရွက် ကန့်ဘလူ နိုဝင်ဘာ ၂၈ အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Subscribe to