ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများအား ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်စွာမင်း ဦးဆောင်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။