ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် သံလွင်တံတား (တာဆန်း) တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဒေသဖွံ့ ဖြိုးရေး (လမ်းတံတား) များ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

လင်းခေး ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် (၉) နာရီက လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ရှိ သံလွင်တံတား (တာဆန်း) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ အဆိုပါတံတားတည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲလင်း၊ တံတားအထူးအဖွဲ့ (၄) မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးနှင့်၊ လမ်းအထူးအဖွဲ့(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်ထိုက်တို့က မြေပုံနှင့်တကွ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် တံတားသစ်၏သံလွင်မြစ် အရှေ့ဘက်နှင့် အနောက်ဘက်ကမ်း၌ တံတားချဉ်းကပ်လမ်း ဆောင်ရွက်ထားရှိမှုနှင့် တောင်ကမ်းပါးရံနံရံထိန်း ဆောင်ရွက်ထားရှိမှုတို့ကို လမ်းလျှောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် သံလွင်တာဆန်းတံတားမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အဆိုပါသံလွင်မြစ်ကူးတံတား (တာဆန်း) သည် တံတားအရှည် (၈၇၆) ပေရှိပြီး၊ တံတားအမျိုးအစားမှာ အောက်ခံအုတ်မြစ် RCC Bored Pile၊ တံတားကိုယ်ထည် RC Concrete၊ တံတားအပေါ်ထည် 3Span Continuous Steel Truss & RC Stab ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် (၂၃)ပေ၊ ရေလမ်းကင်း လွတ်အကျယ်(၂၈၀)ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၃၄) ပေရှိကာ၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၂၄၀၀၀.၀၀)သန်းဖြင့် (၆-၂-၂၀၁၉)ရက်နေ့က လုပ်ငန်းစတင်ခဲ့ပြီး ခန့်မှန်းပြီးစီးရက်(၃၁-၁၂-၂၀၂၅)ဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းမှ သိရသည်။

၄င်းအပြင် နိုဝင်ဘာ၃၀ ရက်နေ့က ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်း ဆတ်လမ်းမိုင်တိုင် (၄၆/၀-၄၆/၂) ကြားရှိ ကျောက်တောင်/မြေ တောင်လမ်းချဲ့ခြင်းနှင့် ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအ ခြေအနေ (မောက်မယ်- ဝမ်ဟတ်-လင်းခေး) သွားလမ်းမိုင်တိုင် (၂၂/၅-၂၃/၀) ကြားရှိ လမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ လင်းခေးမြို့နယ်ပြည်သူ့ဆေးရုံတွင် အမှုထမ်းအိမ်ရာ ၄ ခန်းတွဲ၊ ၃ ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူတို့အား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။