ရေးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁၃၈)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

ရေး ဇွန် ၂၈

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၃)လပတ်ဖြစ်သည့် (ဧပြီ၊ မေ၊ ဇွန်) အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ၁လလျှင် ၁ သောင်းကျပ်နှုန်းဖြင့် (၃)လအတွက် တစ်ယောက်လျှင် ၃သောင်းကျပ်နှုန်းဖြင့် (၁၁၃၈)ဦးအတွက် စုစုပေါင်းငွေ ကျပ် ၃၄၁,၄၀,၀၀၀/- တိတိကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေး၊ ပြန်/ဆက်