စလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေဘေးသဏ္ဌာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင် စေရန်အတွက် ရေးဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်း များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာ ဧရာဝတီ မြစ်ကမ်းဘေး၌ ဆောင်ရွက်ခဲ့ရာ အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့ စလင်းမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊

ပူတာအို၌ မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းအတွင်း ဓာတ်မြေဩဇာနှင့် သဘာ၀မြေဩဇာ အချိုးကျ ကြဲပက်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ‌ဒေသ၀မ်းစာဖူလုံရေးအတွက် မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံပြကွက်တွင် တစ်ဧကအထွက်နှုန်း တိုးတက်စေရန်နှင့် မျိုးစေ့ အရည်အသွေး ကောင်းမွန်စေရန်အတွက် ဓာတ်မြေဩဇာနှင့် သဘာ၀မြေဩဇာ (၁:၃) ရောစပ်၍ ကြဲပက်ပွဲကို ယမန်နေ့နံနက်(၉) နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်း စိုက်ပျိုးရေးပိုင် လယ်မြေ (၁၀)ဧက၌ ကျင်းပသည်။

သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့မှု အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့မှု အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ဝါးခယ်မမြို့နယ် အ.ထ.က ကျွန်းကုန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာ အ.ထ.က ကျွန်းကုန်းကျောင်း၌ ဇူလိုင်လ ၂၇နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာတွင် လေးမျက်နှာဘုရား အောက်ဌာပနာထည့်ပူဇော်ပွဲနှင့် နဂါးရုံဘုရား အထက်ဌာပနာပိတ်ပွဲ အခမ်းအနား ကျင်းပ    

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြည်တွင်း/ပြည်ပသာသနာပြု ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒ မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သား၊ သမီးများ၏

ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုတိုးထက်မြက် မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်ရည်ရွယ်၍ ‌ပြိုင်ပွဲများကို ယနေ့ နံနက် ၁၁ နာရီတွင် အ.မ.က(၃)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ဖြူမြို့တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်းနေမှုကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပြီး ပညာရှင်များမွေးထုတ်ပေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေးအတွက် ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများနှင့် အတတ်ပညာများ ပိုမိုထွန်းကားကျယ်ပြန့်စေရေး၊ ရက်ကန်းပညာရှင်များတိုးပွား လာစေရေးတို့အတွက်ရည်ရွယ်ကာ သင်တန်းများဖွင့်လှစ်ပြီး ပညာရှင်များ မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 နမ့်ဆန်မြို့တွင် ဆယ်ကျော်သက်နှင့် ကျန်းမာရေးအသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင်ယနေ့နေ့လည် (၂)နာရီအချိန်က ဆယ်ကျော်သက်နှင့်ကျန်းမာရေးအသိပညာပေး Talk Show ဆွေးနွေးပွဲအားကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to