ရွှေဘိုမြို့ အ.ထ.က(၃)တွင် အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်​ ရွှေဘိုမြို့ အ.ထ.က(၃)တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်းကာ၊ အသိပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့ နံနက်၁၀နာရီချိန် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ဝက်လက်မြို့နယ်၌ စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းခွဲတွင် ယမန်နေ့ နံနက် ၁၀နာရီ အချိန်က စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟော‌ပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်ရေး ညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်မြင်ရေး ညှိနိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌတို့က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး တို့လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။ ဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တပ်မတော်ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ပဲခူးမြို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးကြောင်း ဝန်ကြီးချုပ်လမ်းညွှန်မှာကြား

 ပဲခူးမြို့တွင် ဒေသတွင်း ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ သံဃာတော်များနှင့်သီလရှင်များ  စုစုပေါင်း(၂၀၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ်ထိုးနှံ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးသင်ပညာရေးကျောင်းများ ဖြစ်သည့် ကလေးဝ တောရကျောင်း၊ နန်းဦးကျောင်း၊ စိတ္တသုခကျောင်းနှင့် ရတနာ့ဗိမာန်ကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း(၂၀၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram)ကို ယမန်နေ့နံနက် ၁၀:၀၀နာရီက သတ်မှတ်စုရပ် များတွင် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့တွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်ကြားပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (စစ်ကိုင်းတိုင်းရုံး) မုံရွာတို့ပူးပေါင်း၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝစေရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ရည်ရွယ်လျက် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်း အမှတ်စဉ် ၂/၂၀၂၂ ကို ဖွင့်လှစ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ပို့ချခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ ရေပေးမြောင်းစိုက်ပျိုးရေရယူရန် ခက်ခဲသည့် တောင်သူများအတွက် မိုဘိုင်းဆိုလာရေတင်စနစ်ဖြင့် ရေပေးနိုင်ရေးစမ်းသပ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု၊ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စီမံကိန်းစိုက်ပျိုးဧရိယာအတွင်းမှ ရေပေးမြောင်းနှင့်ဝေးကွာသည့် စိုက်ဧကများအတွက် မိုဘိုင်းဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးနိုင်ရေး စမ်းသပ်ဆောင်ရွက်နေကြောင်းသိရသည်။
Subscribe to