ကော့ကရိတ်မြို့  တောင်ပေါ်ရပ်အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို တောင်ပေါ်ရပ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၊ ရှု့ခင်းသာ(၂)ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဝါဆိုမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ဇနီးတို့မှကြီးမှူး၍ ဌာနဆိုင်ရာဝန်ထမ်းများက မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ(၂)ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဩဂုတ် ၁၀ ရက်နံနက် ၁၀ နာရီက ဝါဆိုမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် အမှတ်(၁)ရပ်ကွက် ဇဂျမ်းလမ်းဘေး၌ ယနေ့နံနက် ၈ နာရီ ၃၀  မိနစ်စတင်၍ စာအုန်းဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့၌ ဝါခေါင်လပြည့်နေ့(မေတ္တာအခါတော်နေ့)တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ နှစ်စဉ်ဝါခေါင်လပြည့်နေ့တွင် မြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်လှူပွဲကို အမှတ်(၂)ရပ်ကွက်အတွင်းရှိ ရှင်ပင်သာဒွန်းဘုရားရင်ပြင်ပေါ်တွင် ယမန်နေ့မွန်းလွဲ(၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ (၁၈) နှစ်ထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား/ သူများအား ယနေ့နံနက (၉) နာရီခွဲအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်း၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင်အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များထိုးနှံနိုင်ရေးအတွက်  မိဘပြည်သူများအနေဖြင့်  ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်  ဝန်ထမ်း များက  ယနေ့ မွန်းလွဲ ၂  နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အ.လ.က(နားကော)ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက

နမ့်ခမ်းမြို့ရှိ (IDPs)တိုက်ပွဲရှောင်စခန်း၌ ရာသီတုပ်ကွေးရောဂါနှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ နေဝန်းနီ (IDPs)တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများမှ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါနှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to