နွားထိုးကြီး ဩဂုတ် ၁၂
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ နှစ်စဉ်ဝါခေါင်လပြည့်နေ့တွင် မြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်လှူပွဲကို အမှတ်(၂)ရပ်ကွက်အတွင်းရှိ ရှင်ပင်သာဒွန်းဘုရားရင်ပြင်ပေါ်တွင် ယမန်နေ့မွန်းလွဲ(၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ရှင်ပင်သာဒွန်းဘုရားမှ စတင်လောင်းလှူပြီးနောက်တွင် နွားထိုးကြီးမြို့ပေါ်ရှိ ကျောင်းတိုက်(၂၃)တိုက်မှ သံဃာတော်အရှင်သူမြတ်များနှင့်သီလရှင်များ (၁၈၀)ကျော်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူအလှူရှင်တို့မှ လှူဖွယ်ဝထ္ထုပစ္စည်းမျိုးစုံကို လှူဒါန်းခဲ့ကြသည်။
သန်းအောင်ဇော်